အသားအရေဖျော့တော့နေခြင်း အသားစားတာ မလုံလောက်တာကြောင့်ပါ
25-Feb-2017
အမျိုးသမီး ၁၀ ယောက်မှာ တစ်ယောက်နှုန်းဟာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းရောဂါဖြစ်ပြီး အသားဖျော့တော့တာနဲ့ မျက်ကွင်းညိုတာလိုမျိုး လက္ခဏာတွေ ဖော်ပြတတ်ပါတယ်။ သံဓာတ်ချို့တဲ့တာကြောင့် အရေပြားဟာ သွေးလုံလုံလောက်လောက် မရရှိတဲ့အတွက် အသားအရေ ဖျော့တော့တော့ဖြစ်တာပါလို့ သြစတြေးလျ အာဟာရဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။ သံဓာတ်ချို့တဲ့တဲ့ တခြားလက္ခဏာတွေအနေနဲ့ မောပန်းတာနဲ့ ပင်ပန်းနွမ်းနယ် တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သံဓာတ်လျော့နည်းနေတဲ့အတွက် ကြွက်သားတွေ ဟာလည်း အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတာကြောင့်ပါ။
ဖြေရှင်းနည်း
သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်ပေါ်တတ်တဲ့ သွေးအားနည်းရောဂါဟာ အသားဟင်း လုံလုံလောက်လောက် မစားတာကြောင့် ဖြစ်တာပါ။ အသားဟင်းမှာ ပါဝင်တဲ့ heme iron ခေါ်တဲ့ သံဓာတ်အမျိုးအစားဟာ လူ့ခန္ဓာကိုယ်မှာ ပါဝင်တဲ့အစားအစာနှင့် တူနေပါတယ်။ ဟင်းသီးဟင်းရွက်မှာလည်း သံဓာတ်တွေ ပါဝင်ပါတယ်။ ပဲနီလေး၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ပါဝင်တဲ့ သံဓာတ်အမျိုးအစားဟာ non-heme iron အမျိုးအစား ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က အပြည့်အဝ မစုပ်ယူနိုင်ဘူးလို့ သိရပါတယ်။
သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူမှုပိုကောင်းအောင် ဗီတာမင်စီများစွာ ပါဝင်တဲ့ အစားအစာနဲ့ တွဲစားသင့်တယ်လို့ အာဟာရဆိုင်ရာ ပညာရှင်က ဆိုပါတယ်။ဥပမာအားဖြင့် ဗီတာမင်စီများစွာပါဝင်တဲ့ ငရုပ်ပွသီးနဲ့ သံဓာတ်များစွာ ပါဝင်တဲ့ ဟင်းနုနယ်ကို တွဲပြီး ကြော်စားတာမျိုး၊ သံဓာတ်များစွာပါဝင်တဲ့ ခရမ်းချဉ်သီးနှင့် ချက်စားတာမျိုး ပြုလုပ်ပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, May 2014, No.262,pg.16
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
